စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်း၊ မြေပုံများကို အခြေခံ၍ အချက်အလက်တည်ဆောက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း(Geodatabase & Analysis) အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်မြေစာရင်းဦးစီးဌာန၊ Data Center ၌ ကျင်းပသည်။
အခမ်းအနားသို့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းထွဋ်၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်မြေစာရင်းဦးစီးဌာန၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား(၃၁)ဦး နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စု နယ်မြေအတွင်း Digital Map တိုင်းတာရေးဆွဲထားသောမြေပုံများအား Geodatabase & Analysis စမ်းသပ်ဆောင်ရွက်နိုင်ရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ကြသူများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲမှ အသိပညာများကို လက်တွေ့အသုံးချ နိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က Arc GIS နည်းပညာအသုံးပြု၍ သီးနှံစိုက်ပျိုးမှုဆိုင်ရာ စာရင်းအင်းများ၊ မြေအသုံးချမှုဆိုင်ရာစာရင်းအင်းများ ပြုစုတင်ပြနိုင်ရေး နိုင်ငံတော်၏ e - Government လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ Digital Map များအား One Map System အဖြစ် အသုံးပြနိုင်ရန်အတွက်လည်းကောင်း တိုးတက်ပြောင်းလဲလာသည့် နည်းပညာနှင့် အညီ ပထဝီဆိုင်ရာသတင်းအချက်အလက်နည်းပညာ(GIS/ RS)များဖြင့် စာရင်းအင်းအချက်အလက် များနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများကို ပြုစုဆောင်ရွက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၇.၁.၂၀၂၅ ရက်နေ့မှ ၃၁.၁.၂၀၂၅ ရက်နေ့ထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်း၊ မြေပုံများကိုအခြေခံ၍ အချက်အလက်တည်ဆောက်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း(Geodatabase & Analysis) အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကျင်းပနေပြည်တော် ဇန်နဝါရီလ ၂၇ ရက်
တိုင်းဒေသကြီး/ပြည်နယ်