Skip to main content

မြေယာစီမံခန့်ခွဲရေးဌာနခွဲ

မြေယာစီမံခန့်ခွဲရေးဌာနခွဲ၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လည်းကောင်း၊ တည်ဆဲမြေယာဥပဒေများအရလည်းကောင်း လိုအပ်သော လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ ရေးသားပြုစုဆောင်ရွက်တင်ပြ ခြင်းနှင့် လိုအပ်သော အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ၊ ထုတ်ပြန် ဆောင်ရွက်ခြင်း၊

(ခ)    လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက် ခြင်း၊

(ဂ)    လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားလာသည့် ကိစ္စများအား စိစစ်တင်ပြခြင်းနှင့် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း အသုံးပြုခြင်းများကို စိစစ်တင်ပြခြင်း၊

(ဃ)    လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဖြေရှင်း ဆုံးဖြတ်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လယ်ယာမြေ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်သက်ဆိုင်သည့် တင်ပြချက်များအပေါ် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ပြီး သုံးသပ်အကြံပြုတင်ပြဆောင်ရွက်ခြင်း၊

( င)    မြေနုကျွန်းမြေစီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များအား ကြီးကြပ်စီမံဆောင်ရွက်နိုင်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ စိစစ်တင်ပြခြင်း။

အထက်ပါ လုပ်ငန်းတာဝန်များအပေါ် မြေယာစီမံခန့်ခွဲရေးဌာနခွဲအနေဖြင့် အောက်ဖော်ပြပါအတိုင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်-

(က)    လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါ စာအုပ်များ၊ လုပ်ထုံးလုပ်နည်း နှင့်ညွှန်ကြားချက်များကို ဖြည့်ဆည်းခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်း၊

( ခ)    တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၊ နေပြည်တော်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ နိုင်ငံတော်သမ္မတရုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လယ်ယာမြေ စီမံခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြလာ သည့် တိုင်စာများကို လေ့လာစိစစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ပြန်လည်တင်ပြခြင်း၊

( ဂ)    လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမှုမှအပ အခြားနည်း အသုံးပြုသော ကိစ္စရပ်များကို တားဆီးအရေးယူခြင်း၊

(ဃ)    ဆည်ရေသောက်ဒေသများနှင့် စပါးစိုက်ပျိုးနိုင်သော လယ်မြေများ ပေါ်တွင် ခွင့်ပြုချက်မရရှိဘဲ နှစ်ရှည်သီးပင်၊ ငှက်ပျောပင်နှင့် ကြံသီးနှံများ စိုက်ပျိုးမှုမပြုရေးအတွက် ကြီးကြပ်ညွှန်ကြားခြင်း၊ လိုက်နာရန် ပျက်ကွက်သူများကို လယ်ယာမြေစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ရန် ညွှန်ကြားခြင်း၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြီးကြပ်ကွပ်ကဲခြင်း၊

( င)    ကျွဲ/နွားစားကျက်မြေများအား ကျူးကျော်ဝင်ရောက်လုပ်ကိုင်မှု မရှိစေရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊

( စ)    တောင်ယာခုတ်ထွင်စိုက်ပျိုးရန်မသင့်သည့်မြေနေရာနှင့် မြေနေရာ သတ်မှတ်ရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ခြင်း၊

(ဆ)    နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ခရိုင်၊ မြို့နယ်အလိုက် လစဉ်မြေယာအယူခံမှုများ စစ်ဆေးဆုံးဖြတ်နိုင်မှု အခြေအနေနှင့် လက်ကျန်အခြေအနေတို့ကို စိစစ်၍ တည်ဆဲ မြေယာဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွဲခြင်း၊

( ဇ)    မြေနုကျွန်းလုပ်ကိုင်ခွင့် အငြင်းပွားမှုများနှင့်စပ်လျဉ်းသည့် ကိစ္စရပ် များအပေါ် လေ့လာစိစစ်၍ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ အကြံပြုချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

( ဈ)    လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ မရှင်းလင်း၍ အောက်ခြေမှ မေးမြန်းချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊

(ည)    တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်မှ အရာထမ်းများ အား လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများ၊ လုပ်ငန်းခွင် မွမ်းမံသင်တန်းများ ပြုလုပ်ပေးခြင်း၊

( ဋ)    တောင်သူများ လက်ရှိလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( ဌ)    လယ်ယာမြေလုပ်ပိုင်ခွင့်၊ လွှဲပြောင်းခြင်း၊ အမွေဆက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( ဍ)    လယ်ယာမြေလုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ကြီးကြပ်ခြင်းနှင့် ပံ့ပိုး ခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( ဎ)    လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ လိုက်နာရန်ပျက်ကွက်မှု များအတွက် တရားစွဲဆိုခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

(ဏ)    လယ်ယာမြေလုပ်ပိုင်ခွင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်းဆိုင်ရာကိစ္စရပ် များကို စိစစ်တင်ပြခြင်း၊

(တ)    လယ်ယာမြေလုပ်ကိုင်မှု အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံဝင်ရောက် ခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

(ထ)    မြေနုကျွန်းလုပ်ပိုင်ချထားရေး ဆိုင်ရာကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( ဓ)    ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာသည့် (တိုင်ကြားစာ/ တင်ပြစာ/ အသနားခံစာ) များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လွှဲပြောင်းပေးပို့ခြင်း၊ စိစစ် တင်ပြရန် အကြောင်းကြားခြင်း၊

( န)    နစ်နာကြေး၊ လျော်ကြေးနှင့် လယ်ယာမြေအသုံးချခြင်း (သီးနှံပြောင်း/ အခြားနည်းသုံး) ဆိုင်ရာကိစ္စရပ်များကို စိစစ်တင်ပြခြင်း။

ဌာနခွဲအနေဖြင့် အောက်ဖော်ပြပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်-

(က)    တောင်သူများ လက်ရှိလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်း ဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( ခ)    လယ်ယာမြေလုပ်ပိုင်ခွင့်၊ လွှဲပြောင်းခြင်း၊ အမွေဆက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( ဂ)    လယ်ယာမြေလုပ်ပိုင်ခွင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်းဆိုင်ရာကိစ္စရပ် များကို စိစစ် တင်ပြခြင်း၊

(ဃ)    လယ်ယာမြေလုပ်ကိုင်မှု အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံဝင်ရောက် ခြင်းဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( င)    နစ်နာကြေး၊ လျော်ကြေးနှင့် လယ်ယာမြေအသုံးချခြင်း (သီးနှံပြောင်း/ အခြားနည်းသုံး) ဆိုင်ရာကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

( စ)    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်စပ်လျဉ်း၍ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ရေး ကိစ္စရပ်များကို စိစစ်တင်ပြခြင်း၊

(ဆ)    အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး ကိစ္စရပ်များကို စိစစ်တင်ပြခြင်း။