Skip to main content

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာ‌ပေးရေး သင်တန်းကျောင်း

ဗဟိုမြေစာရင်းဖွံဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသည် ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့အနီးတွင် ဖွင့်လှစ်ထားရှိပြီး သင်တန်းကျောင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- 

(က)    ဝန်ထမ်းများအား စဉ်ဆက်မပြတ် လေ့ကျင့်ပေးရန်၊
( ခ)    ခေတ်မီနည်းပညာများကို စူးစမ်းလေ့လာ၍ လက်တွေ့အသုံးချနိုင်ရေး လေ့ကျင့် ပျိုးထောင်ရန်၊
( ဂ)    လုပ်ငန်းခွင်သင်တန်းများ၊ သုတေသနလုပ်ငန်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ဌာနလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ 
(ဃ)    နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြု ပါဝင်ဆောင်ရွက်ရန်။

သင်တန်းကျောင်းတွင် ခေတ်မီမြေတိုင်းကိရိယာများကို အသုံးပြု၍ မြေတိုင်းတာ ခြင်းနှင့် မြေပုံရေးဆွဲထုတ်လုပ်ခြင်းစသည့် အဆင့်မြင့်ပညာရပ်များကို တိုးချဲ့ သင်ကြားပို့ချခြင်း၊ စာရင်းအင်းဘာသာရပ်နှင့် ပြည်သူ့ဆက်ဆံရေးဘာသာရပ် များကိုပါ တိုးချဲ့၍ပို့ချပါသည်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသည် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ တစ်ခုတည်းသောသင်တန်းကျောင်းဖြစ်ပြီး ဌာနဝန်ထမ်းများ၏ အရည်အချင်းပြည့်မီရေး၊ အရည်အသွေးတိုးတက်ရေး၊ ခေတ်မီ နည်းပညာများကို ခေတ်နှင့်အညီ လိုက်မီစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါသည်။ ထို့အတူ သင်တန်းကျောင်းရှိ သင်တန်းဆရာများ၏ ဘာသာရပ်များ အပေါ် ကျွမ်းကျင်ပိုင်နိုင်မှု တိုးတက်စေရေးနှင့် အရည်အချင်း တိုးတက်စေရေး တို့ကိုလည်း မျက်ခြေမပြတ်စေဘဲ လေ့လာဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် စည်းမျဉ်းများဖြစ်သည့် တစ်ဦးချင်း အရည်အသွေး တိုးတက်စေရေး၊ တစ်ဦးစီ၏ အားသာချက်များကို ထိရောက်စွာ အသုံးချနိုင်ရေး၊ တစ်ဦးစီ၏ ဂုဏ်သိက္ခာကို အလေးထားရေးတို့အတွက် ဦးတည် ဆောင်ရွက်ပါသည်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးစီမံချက်ကို အောက်ပါရည်ရွယ်ချက်များ ထားရှိပြီးရေးဆွဲ ပါသည် -

(က)    ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရှိ ဝန်ထမ်းများအား စဉ်ဆက်မပြတ် လေ့ကျင့် ပညာပေးရန်၊
( ခ)    လေ့ကျင့်ပြီးသောဝန်ထမ်းများ၏ ကျွမ်းကျင်မှုများ အရှိန်အဟုန်မပြတ် စေရန် မွမ်းမံသင်တန်းများ၊ စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်၍ ပိုမို ကျွမ်းကျင်တတ်မြောက်စေရန်၊
( ဂ)    ဌာနသို့အသစ်ဝင်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများအား ဌာနလုပ်ငန်းများကို လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ ကျွမ်းကျင် အောင် လေ့ကျင့်ပေးရန်၊
(ဃ)    ဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေနှင့် ခေတ်မီနည်းပညာများအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊
( င)    ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းရှိ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့်အရည်အချင်းများ စဉ်ဆက်မပြတ် ထက်မြက်နေစေရန်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသည် သင်ယူလေ့လာရေး၏ ရည်မှန်းချက်များဖြစ်သည့် ဝေဖန်သုံးသပ်နိုင်စွမ်း၊ အမြင် ကျယ်ပြန့်မှု၊ ကိုယ်ကျင့်တရား တည်ကြည်ဖြောင့်မတ်မှု၊ ဆက်လက်လေ့လာသင်ယူ နိုင်မှုနှင့် တီထွင်တွေးခေါ်နိုင်မှုတို့ကို ရရှိစေရန် ရည်မှန်းချက်ထား၍ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ ဝန်ထမ်းများကို လေ့ကျင့်ပညာပေးလျက်ရှိပါသည်။ 

ထို့အတူ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းရှိ သင်တန်းနည်းပြ များ၏ အရည်အသွေးနှင့် အရည်အချင်းများ အစဉ်ထက်မြက်နေစေရန် ရည်မှန်းချက် ထား၍ သင်တန်းကျောင်းနှင့် ဌာနတစ်ခုလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက်ရှိပါသည်။

ဌာနတွင်း သင်တန်းပေးနိုင်မှုအခြေအနေ

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရှိ ခန့်ထားပြီး အရာထမ်း၊ အမှုထမ်းများအပေါ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းအနေနှင့် ပုံမှန်သင်တန်းများ၊ မွမ်းမံသင်တန်းများ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့  အသစ်ဝင်ရောက်လာသည့်   အရာထမ်း (၃၁၆) ဦး၊ အမှုထမ်း (၁၀၀၅၃) ဦးနှင့် အခြေခံမြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းတက်ရောက် ပြီးသူ အမှုထမ်း (၄၂၀၉) ဦး တို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အတူ လုပ်ငန်း လိုအပ်ချက်အရ မွမ်းမံသင်တန်းများကိုလည်း သင်ကြားပို့ချခဲ့ရာ စုစုပေါင်းသင်တန်း အကြိမ်ရေ (၆၇) ကြိမ် ဖွင့်လှစ်ခဲ့ပြီး အရာထမ်း/အမှုထမ်းစုစုပေါင်း(၄၃၆၆) ဦးကို သင်ကြား ပို့ချခဲ့ပြီးဖြစ်ပါသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီအစဉ်ဖြင့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း (၂) ကြိမ်၊ အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (၁) ကြိမ် ဖွင့်လှစ်ခဲ့ပြီး အရာထမ်း/ အမှုထမ်း (၃၈၂) ဦး တက်ရောက် အောင်မြင် ခဲ့ပါသည်။ ပုံမှန်သင်တန်းများနှင့်မွမ်းမံသင်တန်းများဖွင့်လှစ်မှုအခြေအနေအား နောက်ဆက်တွဲ (ဆ) ဇယားဖြင့် ဖော်ပြအပ်ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ အသစ်ဝင်ရောက်လာမည့် အရာထမ်း/ အမှုထမ်း များနှင့် လေ့ကျင့်သင်ကြားပေးရန်ကျန်ရှိနေသေးသည့် အမှုထမ်းများကို လုပ်ငန်းခွင်ကျွမ်းကျင်မှု ရရှိစေရေးအတွက် အဆက်မပြတ်စေဘဲ လေ့ကျင့်သင်ကြားပေးနိုင်ရန် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းအနေဖြင့် စီမံချက်ချ၍ လျာထားဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ တစ်ကြိမ်လျှင် အရာထမ်း/အမှုထမ်းစုစုပေါင်း (၅၅၀) ဦးအတွက် အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် သင်ထောက်ကူပစ္စည်းများကို အသုံးပြု၍ သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အနာဂတ်ကာလတွင် တပြိုင်နက်တည်း အရာထမ်း/အမှုထမ်းစုစုပေါင်း (၈၀၀) ဦးအတွက် လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်မှန်းချက် ချမှတ်၍ လျာထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် လျာထားဆောင်ရွက်ချက်များ ပြည့်စုံမည်ဆိုပါက တစ်နှစ်လျှင် အခြေခံမြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း (၂) ကြိမ် (၁၀၀၀) ဦး၊ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း(၂)ကြိမ် (၅၀၀) ဦး၊ အရာရှိ မြေတိုင်းသင်တန်း(၁)ကြိမ်(၁၀၀) ဦး စုစုပေါင်း အရာထမ်း/အမှုထမ်း (၁၆၀၀) ဦးကို လေ့ကျင့် သင်ကြားပေးနိုင်မည်ဖြစ်သည်။ ထို့အတူ မွမ်းမံသင်တန်းများ၊ စွမ်းရည်မြှင့်သင်တန်းများကို လည်း ယခုထက်ပို၍ ဖွင့်လှစ်ပို့ချနိုင်မည်ဖြစ်ပါသည်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် ခွင့်ပြုအင်အား (၁၉၄) ဦး ရှိပြီး  လက်ရှိခန့်ထားမှုအရ အရာထမ်း ( ၁၈ ) ဦး၊ အမှုထမ်း( ၆၀ ) ဦး စုစုပေါင်း (၇၈) ဦး ရှိပါသည်။ လစ်လပ်(၁၆၆)ဦးဖြင့် သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ အထူး ဖွင့်လှစ်သော မွမ်းမံသင်တန်းများနှင့် စွမ်းရည်မြှင့်သင်တန်းများမှအပ ပုံမှန်သင်တန်းများ တွင် သင်ကြားပေးနိုင်သည့် ဘာသာရပ်များမှာ-

(က)    အခြေခံမြေတိုင်းပညာ၊
( ခ)    ခေတ်မီမြေတိုင်းကိရိယာများကိုင်တွယ်သုံးစွဲ၍မြေတိုင်းတာခြင်း၊
( ဂ)    မြေစာရင်းလုပ်ငန်းကျွမ်းကျင်မှု၊
(ဃ)    ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များ၊
( င)    ရုံးလုပ်ငန်းကျွမ်းကျင်မှု၊
( စ)    ငွေစာရင်းလုပ်ငန်း၊
(ဆ)    အခြေခံကွန်ပြူတာကိုင်တွယ်သုံးစွဲခြင်း၊
( ဇ)    ကွန်ပြူတာဖြင့်မြေပုံရေးဆွဲထုတ်လုပ်ခြင်း၊ 
( စျ)    အခြေခံစာရင်းအင်းပညာ၊
(ည)    ပြည်သူ့ဆက်ဆံရေးတို့ဖြစ်ပါသည်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသည် သင်ယူလေ့လာ ရေး၏ ရည်မှန်းချက်များဖြစ်သည့် ဝေဖန်သုံးသပ်နိုင်စွမ်း၊ အမြင်ကျယ်ပြန့်မှု၊ ကိုယ်ကျင့်တရား တည်ကြည် ဖြောင့်မတ်မှု၊ ဆက်လက်လေ့လာသင်ယူနိုင်မှုနှင့် တီထွင်တွေးခေါ်နိုင်မှုတို့ကို ရရှိစေရန် ရည်မှန်းချက်ထား၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရှိ ဝန်ထမ်းများကို လေ့ကျင့် ပညာပေးလျက်ရှိပါသည်။ ထို့အတူ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်း ကျောင်းရှိ သင်တန်းနည်းပြများ၏ အရည်အသွေးနှင့်အရည်အချင်းများ အစဉ်ထက်မြက်နေ စေရန်ရည်မှန်းချက်ထား၍ သင်တန်းကျောင်းနှင့် ဌာနတစ်ခုလုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ဆောင်ရွက်လျက်ရှိပါသည်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းအနေနှင့် ဘာသာရပ် များကို ထိရောက်စွာ သင်ကြားပို့ချနိုင်ရန် (က) ဥပဒေနှင့်မူဝါဒရေးရာဌာန (ခ) မြေတိုင်းပညာဌာန (ဂ) မြေစာရင်း ပညာဌာန (ဃ) ကွန်ပျူတာပညာဌာနဟု ဘာသာရပ်ဆိုင်ရာဌာန (၄) ခု ဖွဲ့စည်း၍ သင်ကြားပို့ချလျက်ရှိပါသည်။

ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် ခေတ်မီမြေတိုင်း တာခြင်းနှင့်ကွန်ပျူတာအသုံးပြု၍ မြေပုံရေးဆွဲခြင်း သင်ကြားရေးအတွက် ခေတ်မီမြေတိုင်း ကိရိယာများ၊ ကွန်ပျူတာများကို သင်ထောက်ကူပစ္စည်းများအဖြစ် အသုံးပြုသင်ကြားလျက် ရှိပါသည်။ ခေတ်မီ မြေတိုင်းကိရိယာများဖြစ်သည့် Total Station, RTK GPS တို့ကို (၃) ဦး လျှင် (၁)လုံးနှုန်းဖြင့် လည်းကောင်း၊ ကွန်ပျူတာများကို (၁) ဦးလျှင် (၁) လုံးနှုန်းဖြင့်လည်းကောင်း သင်ကြားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။