Skip to main content

အခြေခံစီးပွားရေး၊ လူမှုရေး၊ စာရင်းအင်း ပညာရပ်ဆိုင်ရာ အကြောင်းအရာများ

စာရင်းအင်းဌာနခွဲနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ
 

 စာရင်းအင်း၏ အဓိပ္ပါယ်

၁။    စာရင်းအင်းဆိုသည်မှာ အချက်အလက်များအား ကောက်ယူစုစည်းပြုစုခြင်း၊ ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်သုံးသပ်ခြင်းစသည့် အချက်အလက်များဆိုင်ရာ သိပ္ပံပညာရပ်ကို အသုံးပြု၍ ပြုစုထားသော ကိန်းဂဏန်းအချက်အလက်များကို ဆိုသည်။

စာရင်းအင်း၏အသုံးဝင်ပုံ

၂။    စာရင်းအင်းကိန်းဂဏန်း  အချက်အလက်များကို  အောက်ဖေါ်ပြပါ  ကဏ္ဍမျိုးစုံတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါသည်-
   (က)    သိပ္ပံနယ်ပယ်ရပ်များ
   (ခ)    ကုန်ထုတ်စက်မှုလုပ်ငန်းနယ်ပယ်ရပ်များ
   (ဂ)    လူမှုစီးပွဦးရေးအခြေပြုလုပ်ငန်းနယ်ပယ်များ
   (ဃ)    သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းနယ်ပယ်များ
   (င)    စီမံကိန်းရေးဆွဲရေးနှင့်စီမံခန့်ခွဲမှုနယ်ပယ်ရပ်များ
   (စ)    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းနယ်မယ်များ
   (ဆ)    အခြား

စာရင်းအင်းအမျိုးအစား

၃။ စာရင်းအင်းအချက်အလက်များအား (၂)မျိုးခွဲခြားနိုင်ပါသည်-
   (က)    အရေအတွက်ပြစာရင်းအင်းအချက်အလက်များ
   (ခ)    အရည်အသွေးပြ စာရင်းအင်းအချက်အလက်များ

ပြုစုထုတ်ပြန်သည့်စာရင်းများ

၄။ လစဉ်စာရင်း၊ သုံးလပတ်စာရင်း၊ နှစ်ချုပ်စာရင်းများ ပြုစုထုတ်ပြန်လျက်ရှိပါသည်-
   (က)    လစဉ်စာရင်း
       (၁)  အရေးကြီးသီးနှ့များ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်း
           (မတ်လ၊ ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလများမှအပ)
       (၂)  သီးနှံများ ထိခိုက်၊ ပျက်စီး၊ ပြန်စိုက်မှုအခြေအနေဖေါ်ပြသည့်စာရင်း

(ခ)    သုံးလပတ်စာရင်း
       (၁)  သီးနှံအားလုံး၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်း
           (မတ်လ၊ ဇွန်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ)
(ဂ)    နှစ်ချုပ်စာရင်း

     (၁)    အသုံးချလျက်ရှိသောမြေများကို မြေအမျိုးအစားအလိုက် ခွဲခြားဖေါ်ပြသည့် စာရင်း
     (၂)    ရေသွင်းစိုက်ပျိုးသည့်ဧရိယာနှင့်ရေသွင်းသည့်နည်းလမ်းများအရ စိုက်ပျိုးသည့် သီးနှံများစာရင်း
     (၃)    တစ်နှစ်ပတ်လုံးစိုက်ပျိုးသည့် သီးနှံအားလုံး၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်း

နိဂုံး
၅။    စိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းအချက်အလက်များကို ဌာနမှကောက်ယူ၊ စုစည်း၊ ပြုစု၊ ဆန်းစစ်၊ တာဝန်ယူတင်ပြရသဖြင့် စာရင်းအင်းအရည်အသွေးပြည့်ဝမှသာလျှင် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှု-စီးပွားသုတေသနဆောင်ရွက်သူများ စသည်ဖြင့် အားလုံးအတွက်ချမှတ်သည့် မူဝါဒများ၊ စီမံကိန်းများ၊ စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးနိုင်မည်ဖြစ်၍ စာရင်းအင်းအရည်အသွေးတိကျ၊ ပြည့်ဝ၊ မှန်ကန်စေရေးအတွက် ဌာန၏ ညွှန်ကြားချက်များနှင့်အညီ အလေးထားကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

 

                                                                                                                                               စာရင်းအင်းဌာနခွဲ