Skip to main content

စာရင်းအင်းဌာနခွဲ

စာရင်းအင်းဌာနခွဲ၏ အဓိကလုပ်ငန်းတာဝန်များမှာ-

(က)    မြေအသုံးချမှုစာရင်းများနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုစာရင်းများ ကောက်ယူ ပြုစုခြင်းလုပ်ငန်း၊

(ခ)     သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံထိခိုက်ပျက်စီးမှုစာရင်းများ ကောက်ယူ ပြုစုခြင်းလုပ်ငန်း။

စာရင်းအင်းဌာနခွဲအနေဖြင့် သီးနှံများ၏ စိုက်ဧရိယာ (ဧက)၊ ရိတ်သိမ်း ဧရိယာ (ဧက)၊ အထွက်နှုန်း၊ အထွက်နှင့် ထိခိုက်/ ပျက်စီးဧရိယာများကို ပြုစု ဆောင်ရွက်လျက်ရှိပါသည်။ သီးနှံများ၏ ကောင်း၊ သင့်၊ ညံ့ အလွှာအလိုက် အထွက်နှုန်းများကို သိရှိနိုင်စေရန် စံကွက်ရိတ်သိမ်းရေးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။  

လဝက်၊ လကုန်စာရင်းအနေဖြင့် မိုးစပါး/ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု စာရင်း၊ မိုးသီးနှံ/ ဆောင်းသီးနှံများ၏ စိုက်ပျိုးပြီးစီးမှုစာရင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဧရိယာများ၊ ပြန်စိုက်ဧရိယာစာရင်းနှင့်အစီရင်ခံစာများကိုလည်းကောင်း၊ လကုန် စာရင်းအနေဖြင့် အရေးကြီး အချက်အလက် များစာရင်း၊ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုစာရင်းနှင့် အရေးကြီးသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု စာရင်းများကိုလည်းကောင်း၊ (၃) လပတ်စာရင်းအနေဖြင့် သီးနှံအားလုံး၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်းနှင့် သီးနှံအားလုံး၏စိုက်ပျိုး ပြီးစီးမှု အား စိုက်ပျိုးမှုပုံသဏ္ဍာန်အလိုက် ခွဲခြားဖော်ပြသော စာရင်းများကို လည်းကောင်း ပြုစုဆောင်ရွက်လျက်ရှိပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးသွားသည့် ဧရိယာများ၊ ပြန်စိုက်ဧရိယာစာရင်းနှင့် အစီရင်ခံစာများကို ဇွန်လမှ အောက်တိုဘာလအထိ (၁) လလျှင်နှစ်ကြိမ် ပြုစု၍ ကျန်လများတွင် (၁) လလျှင်တစ်ကြိမ် ပြုစုဆောင်ရွက် လျက်ရှိပါသည်။

ရာသီဥတုနှင့် ကောက်ပဲသီးနှံနှစ်ချုပ်အစီရင်ခံစာ (စာအုပ်) များကိုလည်း နှစ်စဉ်ထုတ်ဝေ ဖြန့်ချီလျက်ရှိပါသည်။ စိုက်ပျိုးထုတ်လုပ်မှုစာရင်းများနှင့် လူမှု/ စီးပွားတိုးတက်မှု ညွှန်ကိန်းများ တွက်ချက်ပေးပို့ရေးတွင်လည်း အခြားအစိုးရ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

စာရင်းအင်းဌာနခွဲမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ ဆိုင်ရာ စီမံကိန်းများမှာ အာဆီယံစားနပ်ရိက္ခာလုံခြုံရေး သတင်းအချက်အလက် စနစ် (ASEAN Food Security Information System – AFSIS )၊ အမျိုးသား အဆင့် စိုက်ပျိုးရေးထုတ်ကုန် စားနပ်ရိက္ခာ သတင်းအလက်စနစ် တည်ထောင် ရေးနှင့် မြန်မာနိုင်ငံလူသားရင်းမြစ်ဖွံ့ဖြိုးရေးစီမံကိန်း (Establishing National Agri-Food Information System (NAIS) and Developing Human Resource in Myanmar) နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (Mekong – Lancang Cooperation Special Fund ) စီမံကိန်းများဖြစ်ပါသည်။

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသည် မြေအသုံးချမှုနှင့်သီးနှံစာရင်းအင်း များကို မြို့နယ်ဦးစီးဌာနများမှ ခရိုင်၊ ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနတို့တွင် စာရင်းစုပေါင်း၍ ပြည်ထောင်စုချုပ်ပြုလုပ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနှင့် အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့တင်ပြရပါ သည်။