Skip to main content

မြေယာအသုံးချမှုနှင့် စစ်ဆေးရေးဌာနခွဲ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် အခြား အဖွဲ့အစည်းအသီးသီးမှ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးနှင့်ပတ်သက် သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းစုံစမ်းလာသည့် ကိစ္စရပ်များအပေါ် သတ်မှတ်ရက်အမီ တင်ပြနိုင်ရေး၊ မြေယာတိုင်ကြားစာများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ပြီး ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြနိုင်ရေး၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ စိစစ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ အခွန်ကောက်ခံမှု လပတ်၊ (၃)လပတ်၊ (၆)လပတ်နှင့် နှစ်ချုပ်စာရင်းများပြုစု တင်ပြခြင်း၊ ဌာနတွင်း စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးတင်ပြချက်များအပေါ် လိုအပ်သည်များအား ကြီးကြပ်ကွပ်ကဲခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။