Skip to main content

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှု

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၁၀) ဖြင့် ၂၀၁၂ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၄) ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၃၂၄/၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့်အညီ နိုင်ငံအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်/အဖွဲ့အစည်းများနှင့် တစ်နိုင်တစ်ပိုင် လုပ်ကိုင် လိုသည့် ဒေသခံတောင်သူများအား ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပြု ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ကုန်အထိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်ငန်းရှင်/အဖွဲ့အစည်း (၂၈၁) ခု အား ဧရိယာ (၁၃၉,၇၇၆.၀၈၀) ဧက ကိုလည်းကောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း(၇၆)ခုအား ဧရိယာ(၁၂,၃၉၂.၄၆၀) ဧက ကိုလည်းကောင်း၊ ဓါတ်သတ္တူထုတ်လုပ် ခြင်းလုပ်ငန်းအတွက် လုပ်ငန်းရှင်/အဖွဲ့အစည်း (၇၀) ခုအား ဧရိယာ (၅,၅၁၈.၂၀၀) ဧကကို လည်းကောင်း၊ ဥပဒေနှင့်ညီညွတ်သော အခြားလုပ်ငန်းများအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း (၉၉၆) ခုအား ဧရိယာ (၅၅,၁၅၅.၉၄၆) ဧကကို လည်းကောင်း၊ ခွင့်ပြုချထားပေးခဲ့ရာတွင် ဌာနအနေဖြင့် ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲရေးကော်မတီများမှ စိုက်ပျိုးရေး လုပ်ငန်းအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း (၇၂၅၈) ခုအား ဧရိယာ (၂၆၄,၃၆၁.၈၀၀) ဧကကို လည်းကောင်း၊ မွေးမြူရေး လုပ်ငန်းအတွက် လုပ်ငန်းရှင်/ အဖွဲ့အစည်း (၃၁၄) ခုအား ဧရိယာ (၁၀,၁၃၃.၉၂) ဧကကို လည်းကောင်း ခွင့်ပြုချထားပေးခဲ့ရာတွင် ဌာနအနေဖြင့် စီမံခန့်ခွဲရေးကော်မတီ၏ ရုံးလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့ပါသည်။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်ချထားခံရသူများ ထံမှ မြေခွန်ကောက်ခံခြင်းလုပ်ငန်းကို ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ မြို့နယ်ဦးစီးဌာနမှူးများအား မြေခွန်ကောက်ခံသူအရာရှိအဖြစ် ခန့်အပ်ထားခြင်းအပေါ် အခါအားလျော်စွာ ကြီးကြပ်ကွပ်ကဲ၍ ပြည်ထောင်စုချုပ်စာရင်းပြုစု ဆောင်ရွက်လျက် ရှိပါသည်။ 
 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားရှိမှုအခြေအနေ

(1.4.2014) မှ (3၁.၈.2024)နေ့ထိ

စဉ်

​နေပြည်တော်၊ 
တိုင်းဒေသကြီး/ 
 ပြည်နယ်

စိုက်ပျိုးရေး 
လုပ်ငန်း

မွေးမြူရေး 
လုပ်ငန်း

ဓါတ်သတ္တု 
ထုတ်လုပ်ခြင်း 
လုပ်ငန်း

အစိုးရက  
ခွင့်ပြုသောဥပဒေ  
နှင့်ညီညွတ်သည့်  
အခြားလုပ်ငန်း

စုစုပေါင်း

ဦးရေ

ဧရိယာ(ဧက)

ဦးရေ

ဧရိယာ(ဧက)

ဦးရေ

ဧရိယာ(ဧက)

ဦးရေ

ဧရိယာ(ဧက)

ဦးရေ

ဧရိယာ(ဧက)

1နေပြည်တော်824565.202176.00  404569.831249311.03
2ကချင်3332991.742252.823574.87672785.41510536604.845
3ကယား      35304.37935304.379
4ကရင်2200.007363.542197.001494635.1051605395.645
5ချင်း      366533.919366533.919
6စစ်ကိုင်း99777.731133.013360.0066624.7197910895.459
7တနင်္သာရီ5063998.8471997.25232681.28784585.44915873262.819
8ပဲခူး1610235.172373.64  9218558.5711029167.38
9မကွေး2604.00  6117.26582904.05663625.31
10မန္တလေး604202.05  176973.63901488.7216712664.40
11မွန်    15.0478926.3679931.40
12ရခိုင်3605.0081552.99  1181620.551293778.54
13ရန်ကုန်1510536.77375856.35  40938.539217331.65
14ရှမ်း145838.583420.00191262.691547685.06119015206.331
15ဧရာဝတီ  81866.86  39451.988472318.848
ပြည်ထောင်စုချုပ်286143555.087712992.467412171.77114058612.6451577227331.955