Skip to main content

ဘက်ဂျက်နှင့်ငွေစာရင်းဌာနခွဲ

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရှိ ဌာနခွဲများ၏ ရငွေများကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းအား ညွှန်ကြားရေးမှူးချုပ်မှ ညွှန်ကြားရေးမှူး (ဘတ်ဂျက်နှင့်ငွေစာရင်း) ဌာနခွဲသို့ ထပ်ဆင့် အာဏာခွဲဝေအပ်နှံပါသည်။ ညွှန်ကြားရေးမှူးမှ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲများသို့ တာဝန်ခံအရာထမ်းများအား ထပ်ဆင့်လွှဲအပ်ပါသည်။

ဘဏ္ဍာရေးလုပ်ပိုင်ခွင့် လုပ်ထုံးလုပ်နည်းများကို ရသုံးမှန်းခြေဦးစီးဌာနမှ ထုတ်ပြန် ထားသော ဦးစီးဌာနများ၏ အခြေခံစာရင်းပြုဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းညွှန်ကြားချက် အမိန့်ကြော်ငြာစာအမှတ်-၄၂/၈၆၊ ဦးစီးဌာနများ၏ အခြေခံ စာရင်းပြု ဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းညွှန်ကြားချက်၊ ဘဏ္ဍာရေး စည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းဥပဒေနှင့် ပြည်ထောင်စုဝန်ကြီးဌာနမှထုတ်ဝေသော ဘဏ္ဍာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါသည်။

ငွေစာရင်းဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ-

(က)    ညွှန်ကြားရေးမှူးချုပ်အား တာဝန်ခံ၍ ငွေစာရင်းများ၊ ဘဏ္ဍာငွေ အရ-အသုံး ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်မှချမှတ်ထားသည့် ညွှန်ကြားချက်များ နှင့်အညီ လက်အောက်ခံဌာနများအား တိုက်ရိုက်ကြီးကြပ်ကွပ်ကဲခြင်း၊
( ခ)    ငွေစာရင်းဆိုင်ရာ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ကွပ်ကဲခြင်း၊
( ဂ)    ဦးစီးဌာန၏ ရ-သုံးမှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်း၊ ရန်ပုံငွေ များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်အောက်ခံဌာနများသို့ ခွဲဝေ သတ်မှတ်ပေးခြင်း၊ ရန်ပုံငွေ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲမှုဆိုင်ရာကိစ္စရပ်များ၊ တိုးမြှင့်တောင်းခံရန်လိုသည့် ရန်ပုံငွေများ တောင်းခံခြင်းကိစ္စများ ကြီးကြပ် ကွပ်ကဲခြင်း၊
(ဃ)    ဦးစီးဌာနလက်အောက်ရှိ ဌာနခွဲများအားလုံး၏ ဝင်ငွေ/ထွက်ငွေ အသုံးစရိတ် များကို ငွေစာရင်းလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်စေပြီး၊ သတ်မှတ် ချိန်အတွင်း ရရှိဆောင်ရွက်ရန် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခြင်း၊
( င)    ဦးစီးဌာနမှ ရရန်နှင့်ပေးရန် ငွေစာရင်းများကို ငွေစာရင်းဉပဒေများ နှင့်အညီ ထိန်းသိမ်းခြင်း၊ စာရင်းရှင်းလင်းပေးခြင်းအတွက် ကြီးကြပ် ကွပ်ကဲခြင်း၊
( စ)    နိုင်ငံခြားငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း၊ ပစ္စည်းတန်ဖိုးနှင့် ဈေးနှုန်းသတ်မှတ် ခြင်းလုပ်ငန်း၊ ဝန်ထမ်းများလစာစရိတ်နှင့် ငွေတောင်းခံလွှာများ စိစစ် ထုတ်ပေးသည့် လုပ်ငန်း၊ အသက်အာမခံ၊ ဝင်ငွေခွန်ဖြတ်တောက် သည့်လုပ်ငန်း စသည်တို့ကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ဆ)    ဦးစီးဌာနမှ ထုတ်ပြန်သော လစာငွေကြေးနှင့် ငွေစာရင်းဆိုင်ရာ စည်းမျဉ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိ လက်အောက်ခံ ရုံးများကို လိုအပ်သလို စစ်ဆေးခြင်း၊ တွေ့ရှိချက်များကို ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခြင်း။