Skip to main content

စီမံရေးရာဌာနခွဲ

စီမံရေးရာဌာနခွဲသည် ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-

(က)    ဖွဲ့စည်းပုံရေးဆွဲခြင်း၊

( ခ) ဝန်ထမ်းများခန့်ထားခြင်းနှင့်ရာထူးတိုးမြှင့်ခြင်းကိစ္စများ ဆောင်ရွက်ခြင်း၊

( ဂ)    ဝန်ထမ်းများပြောင်းရွေ့ခြင်းနှင့် နုတ်ထွက်ခွင့်ပြုခြင်းကိစ္စများ ဆောင်ရွက် ခြင်း၊

(ဃ)    ဝန်ထမ်းများ၏ ခွင့်ကိစ္စများ ဆောင်ရွက်ခြင်း၊

( င)    ဝန်ထမ်းများ၏ နှစ်တိုးနှင့်လစာကိစ္စများဆောင်ရွက်ခြင်း၊

( စ)    ဝန်ထမ်းများ၏ ဆုငွေနှင့်ပင်စင်ကိစ္စများဆောင်ရွက်ခြင်း၊

(ဆ)    ဝန်ထမ်းများ၏ ဝန်ထမ်းမှတ်တမ်းစာအုပ်များပြုစုခြင်းနှင့် ထိန်းသိမ်းခြင်း ကိစ္စများ ဆောင်ရွက်ခြင်း၊

( ဇ)    GPMS ရေးသွင်းခြင်းကိစ္စများဆောင်ရွက်ခြင်း၊

( ဈ)    ဝန်ထမ်းများ၏ ဘွဲ့ထူး၊ ဂုဏ်ထူးကိစ္စများဆောင်ရွက်ခြင်း၊    

(ည)    ဌာနတွင်းသင်တန်းများ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ခြင်း၊

( ဋ)    ပြင်တွင်း၊ ပြည်ပသင်တန်းများ စေလွှတ်နိုင်ရန် ဆောင်ရွက်ခြင်း၊

( ဌ)    ဝတ်စုံစရိတ်နှင့်သင်တန်းစရိတ်ကိစ္စများ ဆောင်ရွက်ခြင်း၊

( ဍ)    ဝန်ထမ်းများ၏ ခရီးသွားလာရေးကိစ္စများ ဆောင်ရွက်ခြင်း၊

( ဎ)    ဗဟိုစာပေး/စာယူ ကိစ္စများ ဆောင်ရွက်ခြင်း၊

(ဏ)   ဌာနတွင်းစစ်ဆေးရေးကိစ္စများ ဆောင်ရွက်ခြင်း၊

(တ)   ဌာနပိုင်မြေ၊ အဆောက်အဦနှင့် အခန်းများ ငှားရမ်းခြင်းကိစ္စများ ဆောင်ရွက်ခြင်း၊

(ထ)    နိုင်ငံပိုင်အဆောက်အဦနှင့်အခန်းများတွင် ဝန်ထမ်းများနေထိုင်နိုင်ရန် ဆောင်ရွက်ခြင်း၊

(ဒ)     တည်ဆောက်ရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်ခြင်း၊

(ဓ)       ပုံသေပိုင်ပစ္စည်းများ မှတ်တမ်းရေးသွင်းခြင်းနှင့် ပယ်ဖျက်ခြင်းကိစ္စများ ဆောင်ရွက်ခြင်း၊

(န)     ရုံးသုံးစက်ပစ္စည်းကိရိယာများနှင့် စာရေးကိရိယာများ ဖြည့်တင်း ဆောင်ရွက် ခြင်း၊

(ပ)     ရုံးလုပ်ငန်းအတွက် အခွန်အခပေးဆောင်ခြင်းကိစ္စများဆောင်ရွက်ခြင်း၊

(ဖ)     တင်ဒါကိစ္စရပ်များ ဆောင်ရွက်ခြင်း၊

(ဗ)     ပြုပြင်သုံးစွဲနိုင်အဆင့်ယာဉ်များတောင်းခံခြင်းနှင့် ယာဉ်အို/ယာဉ်ဟောင်း များ အပ်နှံခြင်းကိစ္စများ ဆောင်ရွက်ခြင်း၊        

(ဘ)    ဌာနပိုင်ယာဉ်များအား သက်တမ်းတိုး၊လိုင်စင်ကိစ္စများ ဆောင်ရွက်ခြင်း၊

(မ)     စက်သုံးဆီကိစ္စများဆောင်ရွက်ခြင်း၊

(ယ)    ယာဉ်များ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ခြင်း၊

( ရ)    ဝန်ထမ်းများအတွက် အုပ်ချုပ်မှုသုံးနှင့် ဝန်ထမ်းကြို/ပို့ယာဉ်များ ခွဲဝေ ချထားပေးခြင်း၊

(လ)    ဗဟိုစက်ပစ္စည်းနှင့်စာရင်းအင်းဦးစီးဌာနသို့ (၆) လတစ်ကြိမ် ပြန်တမ်း များ ပေးပို့နိုင်ရန် ဆောင်ရွက်ခြင်းနှင့် (၁) နှစ် တစ်ကြိမ် မြေပြင်စစ်ဆေး ခံနိုင်ရန် ဆောင်ရွက်ခြင်း၊